Posts

Image
ပူလွန်းတဲ့ နွေရာသီကို အဲကွန်းမသုံးဘဲ ပန်ကာတစ်လုံးနဲ့ ကျော်ဖြတ်နည်း ဒီနှစ်နွေဟာ နေ့ရောညမှာ ပူလွန်းတာမို့ အဲကွန်းသာ အချိန်ပြည့်ဖွင့်နေရရင် မီတာခနဲ့တင် မသက်သာပါဘူး။ ဒါကြောင့် မီတာခလည်း သက်သာအောင်၊ ပူအိုက်တာလည်း သက်သာအောင် နည်းလမ်းလေးတွေ ပြောပြပေးလိုက်ပါတယ်။ နည်းလမ်း (၁) အပူချိန်မြင့်နေတဲ့အချိန်မှာ ပန်ကာဖွင့်ရင် လေပူတွေတိုက်ပြီး အေးမြမှုကို ခံစားရမှာမဟုတ်ပါဘူး။ အဲဒီလိုမဖြစ်အောင် ပန်ကာရဲ့ဘေးဘောင်ပေါ်မှာ စိုစွတ်တဲ့ အဝတ်စတစ်ခု သို့ တဘက်တစ်ခု တင်ထားရင် အေးမြမှုကို ခံစားနိုင်မှာပါတယ်။ ဒါပေမဲ့ အဝတ်စိုဟာ အခြောက်မြန်တဲ့အတွက် ခဏခဏ ရေစွတ်ပေးဖို့တော့မမေ့ပါနဲ့။ (ပုံ - 0.1) နည်းလမ်း (၂) ပန်ကာတော်တော်များများရဲ့ နောက်ဘက်မှာ ချိတ်ဆွဲစရာလေးတစ်ခုပါတာ တွေ့ဖူးကြမှာပါ။ အဲဒီအရာလေးပေါ်မှာ ရေခဲဘူးလေးတွေ ချိတ်ဆွဲထားခြင်းဖြင့်လည်း အနီးနားက လေထုကို အေးမြစေပြီး လေအေးအေးလေးတွေကို ခံစားနိုင်မှာဖြစ်ပါတယ်။ (ပုံ - 0.2) Author - TechLuthor
Image
How to create a secure password? လုံခြုံတဲ့passwordတစ်ခုလုပ်နည်း Passwordတစ်ခုဆိုတာ အကောင့်တစ်ခုရဲ့လုံခြုံရေးမှာ တော်တော်အရေးပါတဲ့နေရာမှာရှိတယ်ဗျ။ Facebookအကောင့်တစ်ခုပဲဖြစ်ဖြစ်၊ Gmailအကောင့်တစ်ခုအတွက်ပဲဖြစ်ဖြစ် passwordဆိုတာ လိုအပ်တာကြောင့် လုံခြုံကောင်းမွန်တဲ့passwordတစ်ခု ပေးတတ်ဖို့တော့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ -ကိုယ်ရဲ့ ဒေတာတွေကိုလုံခြုံစိတ်ချစေရန်၊ -ကိုယ်ရဲ့ အကောင့်ထဲကိုတစ်ဦးဦးက ဖောက်ထွင်းဝင်ရောက်တာတွေမှ ကာကွယ်ရန်ဖြစ်ပါတယ်။ တကယ်တော့ username(Phone or Email) နဲ့ Passwordဆိုတာ ခြံဝင်းနဲ့ ခြံတံခါးပါပဲ။ ခြံတံခါးက မလုံခြုံရင်တော့တစိမ်းတွေဝင်လာမှာပေ့ါ။ အဲ့တစိမ်းတွေကလည်း အကြောင်းပြချက် မရှိပဲတော့ မဝင်ပါဘူး။ တန်ဖိုးရှိတဲ့ အရာတစ်ခုခုရှိမှာသာဝင်လာမှာပါ။ အဲ့လိုပါပဲ ကိုယ်ရဲ့ passwordကမလုံခြုံရင် hackerတွေRecoveryသမားတွေက ဝင်လာမှာပဲဖြစ်ပါတယ်။ သူတို့ကလည်း ကိုယ့်ရဲDataတွေကို လိုချင်လို့ဝင်လာပါ။ ကိုယ်မှာ ဘာ Dataမှလည်းမရှိဘူးဆိုရင်တော့ သူတို့လည်း ဝင်ချင်မှဝင်မှာပါ။ ဒါတောင်မှ လက်တဲ့စမ်းချင်တဲ့သူတွေနဲ့တွေ့ရင် ဒုက္ခတွေနိုင်ပါတယ်။ ဒါကြောင့် အရေးကြီ
Image
မျက်စိအောက်ကအဖိုးတန်များ  ဒီစာဟာ နည်းပညာကိုစတင်လေ့လာခါစ ညီကိုမောင်နှမများအတွက် ရည်ရွယ်ပြီးရေးသားထားခြင်းဖြစ်ပါတယ်။ လေ့လာကာစ(Beginner)ဆိုတော့ သင်ယူချင်တာတွေကများနေမယ်.... ဘယ်ကနေစရမယ်မှန်းမသိတဲ့အခါတွေလည်း ရှိကောင်းရှိနိုင်တယ်ဗျ။ဒါပေမဲ့ သင်ယူနိုင်တဲ့နေရာတွေ၊ သင်ယူစရာတွေက မျက်စိရှေ့မှာရှိနေပါတယ်။ မမြင်မိတာလည်းဖြစ်နိုင်ပါတယ် ဥပမာပြောရရင်တော့ googleပါ။ဆရာတွေတော်တေ်ာများများကလည်း ITပိုင်းကိုလေ့လာမယ်ဆိုရင် Googleလေးတော့ခေါက်ကြပါလို့ ညွှန်းကြပါတယ်။ ဘာလို့လည်းဆိုတော့ Googleမှာကကိုယ့်သိချင်တဲ့အရာနဲ့ ပတ်သတ်ပြီးအကြောင်းအရာတွေ တော်တော်များများရှိပါတယ်။သို့သော်လည်းပြဿနာလေး တစ်ခုတော့ရှိတယ်ဗျ။Google မှာက English လိုပဲရေးထားတာများပါတယ်။ အဲဒီတော့ English လိုသိပ်မကျွမ်းကျင်သေးတဲ့ လူငယ်တွေ၊ Technical termsတွေနဲ့ မရင်းနှီးသေးတဲ့သူတွေအတွက် အခက်တွေ့နိုင်ပြီး မလိုအပ်ပဲ လေ့လာချိန်တွေကြာသွားနိုင်ပါတယ်။ အခုမှလေ့လာကာစ လူငယ်တွေအတွက် Localအတွင်းမှာ မိခင်ဘာသာ(မြန်မာစာ)နဲ့နည်းပညာဆိုင်ရာ အသိပညာတွေ Sharingလုပ်ပေးနေတဲ့သူတွေ၊အဖွဲ့အစည်းတွေရှိပါတယ်။ လုံးဝကြီးပြည့်စုံတယ်လို့တော
Image
Facebook ပေါ်ကနေ အရောင်းအဝယ်  စီးပွားရေးလုပ်နေတဲ့  သူတွေအတွက်  Facebook QR Function Facebook QRကို မြန်မာပြည်မှာလူသုံးနည်းနေသေးပေမဲ့ Wechat တို့ Zaypaတို့မှာပါတဲ့ QR codeကိုတော့ အရင်တုန်းထဲကအသုံးပြုခဲ့ကြတာမလို့ QR Code နဲ့ သိပ်စိမ်းလှမယ်မထင်ပါဘူး။ Facebook QR code ကို ဘယ်လိုနေရာတွေမှာအသုံးဝင်မလဲ? သူရဲ့အသုံးဝင်ပုံကရိုးရှင်းပြီး ထိရောက်ပါတယ် တကယ်လို့ သင့်အနီးနားမှာရှိတဲ့ friend တစ်ယောက်ရဲ့အကောင့်ကိုရှာချင်တယ်ဆိုပါစို့။ ပုံမှန်အတိုင်းရှာမယ်ဆိုရင် name ရိုက်ရှာရမှာပေါ့။ ဒါပေမဲ့"နာမည်တူမရှား လူတူမရှား" ဆိုသလိုနာမည်တူတဲ့သူတွေက အများကြီးမလို့ nameနဲ့ရှာရတာက မလွယ်ကူလှပါဘူး။ QR codeနဲ့ဆိုတော့ ပိုပြီးတိကျမြန်ဆန်တာပေါ့ ဒါကြောင့်မလို့ FacebookမှာလဲQR ကိုထည့်ပေးထားတာပါ။😉 facebookမှာ အကောင့်တစ်ခုအတွက် QR codeတစ်ခုစီပေးထားပြီးသားပါ။ facebook search bar ကနေ QRလို့ ရိုက်ရှာလိုက်ရင် ထိပ်ဆုံးမှာ (Scan QR codes and share your personal code with others)ဆိုတဲ့ စာသားလေးနဲ့အတူ မြှားပုံစံလေးကျလာရင် အဲ့တာလေးထဲဝင်လိုက်ရုံပါပဲ။ အထဲဝင်လိုက်ပြီးရင်တော့ Scann
Image
English စာလေ့လာနေတဲ့သူတွေအတွက် များစွာ အကျိုးရှိစေမယ့် Voice Tra Voice Tra  ဟာ ဘာသာစကားများစွာကို Translation လုပ်ပေးတဲ့ App တစ်ခုဖြစ်ပါတယ်။ Voice Tra ရဲ့ အားသာချက်ကတော့ ပုံမှန် Translation App တွေ၊ Dictionary တွေလို ဘာသာစကား တစ်မျိုးတည်းတင် အသုံးပြုနိုင်တာ မဟုတ်ဘဲ မြန်မာဘာသာအပြင် ဘာသာတော်တော်များကို Translated လုပ်ပေးနိုင်ပါတယ်။ Translatedလုပ်ပေးနိုင်တဲ့ Language တွေတော်တော်များများပါတယ်ဆိုတော့ ဘာသာစကား လေ့လာနေတဲ့သူတွေအတွက် တကယ်အသုံးဝင်မှာပါ။ နောက်ပြီး အသံနဲ့ ဘာသာပြန်ပေးတာဖြစ်လို့ နိုင်ငံရပ်ခြားကို ခရီးသွားလာနေတဲ့သူတွေအတွက် များစွာ အထောက်အကူဖြစ်စေမှာပါ။ Voice Tra App ကို ဂျပန်နိုင်ငံမှ Developer တွေကနေ ဖန်တီးရေးသားထားတာဖြစ်ပြီး Japan နိုင်ငံမှာတော့ Voice Tra App ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။ ဒါကြောင့် စာဖတ်သူတွေထဲမှာ ဂျပန်သွားဖို့ အစီအစဉ်ရှိတဲ့သူတွေပါရင် အခုပဲ Download လုပ်ထားလိုက်တော့နော်။ Link - http://voicetra.nict.go.jp/en/ Author - Techluthor
Image
  ကိုယ်ရှူး ကိုယ်ပတ် " မိနေတဲ့ facebook user တစ်ချို့ facebook အသုံးပြုသူ တစ်ချို့ဟာ သတိမမူမိဘဲနဲ့ သူတို့ရဲ့ private messagesတွေကိုကြည့်နိုင်ဖို့အတွက် facebookနဲ့ ပါတနာဖြစ်တဲ့ companyများရဲ့ permissionတောင်းတာတွေကိုေ ပးမိနေပါတယ်။ Facebookရဲ့ integration tools တွေဟာ Netflix , Spotify songစတဲ့ toolsတွေကိုShotcutအနေနဲ့ ထားနိုင်ဖို့ခွင့်ပြုထားတယ်။အဲ့toolsတွေကြောင့် facebookရဲ့ Private Policy နဲ့ပတ်သတ်ပြီးမေးစရာတွေဖြစ်လာပါတယ်။ The New York Timesရဲ့ စုံစမ်းတင်ပြချက်တစ်ခုမှာတော့ Netflix နဲ့ Spotify တို့ဟာPermission accessလုပ်မိတဲ့ userတွေရဲ့ private messageတွေကိုရရှိခဲ့ပြီး မိုက်ခရိုဆော့ရဲ့ Bing ဟာ သင့်ရဲ့ facebook အကောင့်ထဲက friendတွေရဲ့ နာမည်တွေကို ကြည့်နိုင်တယ်လို့ဆိုပါတယ်။facebookကတော့ pravicy settingနဲ့ ပတ်သတ်ပြီးအများစုကို ရပ်ဆိုင်းထားခဲ့ပြီး user တွေက Permissionပေးမှသာ ခွင့်ပြုပေးတာပါ လို့ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ Author - Techluthor