How to create a secure password?
လုံခြုံတဲ့passwordတစ်ခုလုပ်နည်း


Passwordတစ်ခုဆိုတာ အကောင့်တစ်ခုရဲ့လုံခြုံရေးမှာ
တော်တော်အရေးပါတဲ့နေရာမှာရှိတယ်ဗျ။
Facebookအကောင့်တစ်ခုပဲဖြစ်ဖြစ်၊
Gmailအကောင့်တစ်ခုအတွက်ပဲဖြစ်ဖြစ်
passwordဆိုတာ လိုအပ်တာကြောင့်
လုံခြုံကောင်းမွန်တဲ့passwordတစ်ခု
ပေးတတ်ဖို့တော့လိုအပ်ပါတယ်။

ဘာကြောင့်လဲဆိုတော့
-ကိုယ်ရဲ့ ဒေတာတွေကိုလုံခြုံစိတ်ချစေရန်၊
-ကိုယ်ရဲ့ အကောင့်ထဲကိုတစ်ဦးဦးက
ဖောက်ထွင်းဝင်ရောက်တာတွေမှ
ကာကွယ်ရန်ဖြစ်ပါတယ်။

တကယ်တော့ username(Phone or Email) နဲ့
Passwordဆိုတာ ခြံဝင်းနဲ့ ခြံတံခါးပါပဲ။
ခြံတံခါးက မလုံခြုံရင်တော့တစိမ်းတွေဝင်လာမှာပေ့ါ။
အဲ့တစိမ်းတွေကလည်း အကြောင်းပြချက်
မရှိပဲတော့ မဝင်ပါဘူး။ တန်ဖိုးရှိတဲ့ အရာတစ်ခုခုရှိမှာသာဝင်လာမှာပါ။
အဲ့လိုပါပဲ ကိုယ်ရဲ့ passwordကမလုံခြုံရင်
hackerတွေRecoveryသမားတွေက ဝင်လာမှာပဲဖြစ်ပါတယ်။

သူတို့ကလည်း ကိုယ့်ရဲDataတွေကို လိုချင်လို့ဝင်လာပါ။
ကိုယ်မှာ ဘာ Dataမှလည်းမရှိဘူးဆိုရင်တော့
သူတို့လည်း ဝင်ချင်မှဝင်မှာပါ။
ဒါတောင်မှ လက်တဲ့စမ်းချင်တဲ့သူတွေနဲ့တွေ့ရင်
ဒုက္ခတွေနိုင်ပါတယ်။
ဒါကြောင့် အရေးကြီးတဲ့အချက်တွေ Privacy ဒေတာတွေကို
social mediaတွေမှာတင်တာတွေကို အတတ်နိုင်ဆုံးဆင်ခြင်ကြပါဗျ။

password တစ်ခုကို အက္ခရာ 8လုံး ဒါမှမဟုတ်
8လုံးထက်ပိုပြီးထားသင့်ပါတယ်။
တခြားနေရာတွေ၊ တခြားအကောင့်တွေမှာ
အသုံးပြုထားတဲ့ passwordကို နောက်ထပ်ပြန်ပြီးမသုံးသင့်ပါဘူး။
နောက်ပြီး ကိုယ့်ရဲ့ ရင်းနှီးတဲ့သူငယ်ချင်းမိတ်ဆွေတွေတို့
ဒါမှမဟုတ်ကိုယ့်အကြောင်းကိုသေချာစုံစမ်းကြည့်တဲ့အခါသိနိုင်တဲ့
ကိုယ်ရဲ့ခွေးလေးနာမည်တို့ nicknameတို့၊
မွေးနေ့တို့စတဲ့အရာတွေကိုpasswordတစ်ခုအနေနဲ့မထားသင့်ပါဘူး။
နောက်ပြီး Dictionaryထဲမှာပါတဲ့ စကားလုံးတွေကို passwordအဖြစ်မထားသင့်ပါဘူး။
ဘယ်လို passwordမျိုးပေးသင့်လည်းဆိုတော့
အက္ခရာတွေကိန်းဂဏန်းတွေနဲ့သင်္ကေတတွေ
ပေါင်းစပ်ထားတဲ့ password မျိုးပေးသင့်တယ်ဗျ။

ပေါင်းစပ်ရမဲ့ အက္ခရာတွေကတော့
Uppercase (capital) letters (Eg: A, E, R)
Lowercase (small) letters. (Eg: a, e, r)
Numbers (Eg: 2, 6, 7)
Symbols and special characters(Eg: ! @ & *)တွေပဲဖြစ်ပါတယ်။

ဥပမာတစ်ခုပြောရရင်တော
Aung Ko Ko ဆိုတဲ့သူက
password တစ်ခုပြုလုပ်ချင်တယ်ဆိုပါစို့။
@U&Gk0k0 ဆိုတဲ့ password မျိုးပေးသင့်ပါတယ်။

အဓိပ္ပာယ်ကတော့ @သည် A အနေနဲ့ပေးလိုက်ပြီး
Uကတော့ Uppercase နဲ့ရေးလိုက်တာပေါ့၊
&က Nကို ဆိုလိုလိုက်တာပါ symbolsတွေပေါ့။
G ကိုလည်းအကြီးထားပေးလိုက်တာပါ။
koko မှာ kနှစ်လုံးကို Lowercaseသုံးပေးလိုက်တာပါ။
O(အို)နှစ်လုံးကိုတော့ Numberဖြစ်တဲ့Zero(0)အနေနဲ့
သုံးလိုက်တာပေ့ါ။ဒါဆိုရင်တော့ 8လုံးလည်းပြည့်
အက္ခရာတွေ ဂဏန်းတွေ နဲ့ သင်္ကေတတွေလည်းပါတယ်ဆိုတော့
ပြီးပြည့်စုံတဲ့ passwordတစ်ခု လို့ပြောလို့ရပါပြီ။

နောက်ပြီးကိုယ်ရဲ့ passwordတွေကို
ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ စာအုပ်တွေထဲမှာ
မှတ်ထားတာဆိုရင်လည်း သေချာလုံခြုံတဲ့
နေရာမှာသိမ်းထားပါ။
Computer ဆိုင်တို့ ဂိမ်းဆိုင်တို့လို
နေရာမျိုးတွေမှာအင်တာနက်သုံးတဲ့အခါအကောင့်loginဝင်တာမျိုး
သိပ်မလုပ်ပါနဲ့။Keyloggerလိုမျိုးဆော့ဝဲတွေသုံးထားမယ်ဆိုရင်
ကိုယ့်ရိုက်သမျှ passwordတွေကို မြင်နေရမှာပါ။
မသုံးမဖြစ်သုံးရမယ်ဆိုရင်တော့ spaceခဏခဏရိုက်ပြီးသုံးပါ။
Broswerတွေမှာလည်း Auto Saveတာမျိုးတွေလည်း ရှိနေနိုင်တဲ့အတွက်
ကိုယ်ပိုင် ကွန်ပြူတာ၊ ဖုန်းတွေထဲမှာပဲ
Log In ဝင်တာ အကောင်းဆုံးဖြစ်ပါတယ်။

Author - TechLuthor

Comments