ပူလွန်းတဲ့ နွေရာသီကို အဲကွန်းမသုံးဘဲပန်ကာတစ်လုံးနဲ့ ကျော်ဖြတ်နည်း


ဒီနှစ်နွေဟာ နေ့ရောညမှာ ပူလွန်းတာမို့
အဲကွန်းသာ အချိန်ပြည့်ဖွင့်နေရရင် မီတာခနဲ့တင်
မသက်သာပါဘူး။

ဒါကြောင့် မီတာခလည်း သက်သာအောင်၊
ပူအိုက်တာလည်း သက်သာအောင် နည်းလမ်းလေးတွေ
ပြောပြပေးလိုက်ပါတယ်။

နည်းလမ်း (၁)
အပူချိန်မြင့်နေတဲ့အချိန်မှာ ပန်ကာဖွင့်ရင်
လေပူတွေတိုက်ပြီး အေးမြမှုကို ခံစားရမှာမဟုတ်ပါဘူး။
အဲဒီလိုမဖြစ်အောင် ပန်ကာရဲ့ဘေးဘောင်ပေါ်မှာ စိုစွတ်တဲ့
အဝတ်စတစ်ခု သို့ တဘက်တစ်ခု တင်ထားရင်
အေးမြမှုကို ခံစားနိုင်မှာပါတယ်။

ဒါပေမဲ့ အဝတ်စိုဟာ အခြောက်မြန်တဲ့အတွက်
ခဏခဏ ရေစွတ်ပေးဖို့တော့မမေ့ပါနဲ့။ (ပုံ - 0.1)

နည်းလမ်း (၂)
ပန်ကာတော်တော်များများရဲ့ နောက်ဘက်မှာ
ချိတ်ဆွဲစရာလေးတစ်ခုပါတာ တွေ့ဖူးကြမှာပါ။
အဲဒီအရာလေးပေါ်မှာ ရေခဲဘူးလေးတွေ
ချိတ်ဆွဲထားခြင်းဖြင့်လည်း အနီးနားက လေထုကို
အေးမြစေပြီး လေအေးအေးလေးတွေကို ခံစားနိုင်မှာဖြစ်ပါတယ်။
(ပုံ - 0.2)



Author - TechLuthor

Comments