Facebook ပေါ်ကနေ အရောင်းအဝယ် စီးပွားရေးလုပ်နေတဲ့ 

သူတွေအတွက်  Facebook QR Function


Facebook QRကို မြန်မာပြည်မှာလူသုံးနည်းနေသေးပေမဲ့
Wechat တို့ Zaypaတို့မှာပါတဲ့ QR codeကိုတော့
အရင်တုန်းထဲကအသုံးပြုခဲ့ကြတာမလို့
QR Code နဲ့ သိပ်စိမ်းလှမယ်မထင်ပါဘူး။

Facebook QR code ကို ဘယ်လိုနေရာတွေမှာအသုံးဝင်မလဲ?
သူရဲ့အသုံးဝင်ပုံကရိုးရှင်းပြီး ထိရောက်ပါတယ်
တကယ်လို့ သင့်အနီးနားမှာရှိတဲ့ friend တစ်ယောက်ရဲ့အကောင့်ကိုရှာချင်တယ်ဆိုပါစို့။

ပုံမှန်အတိုင်းရှာမယ်ဆိုရင်
name ရိုက်ရှာရမှာပေါ့။
ဒါပေမဲ့"နာမည်တူမရှား လူတူမရှား" ဆိုသလိုနာမည်တူတဲ့သူတွေက
အများကြီးမလို့ nameနဲ့ရှာရတာက မလွယ်ကူလှပါဘူး။

QR codeနဲ့ဆိုတော့
ပိုပြီးတိကျမြန်ဆန်တာပေါ့
ဒါကြောင့်မလို့ FacebookမှာလဲQR ကိုထည့်ပေးထားတာပါ။😉

facebookမှာ အကောင့်တစ်ခုအတွက် QR codeတစ်ခုစီပေးထားပြီးသားပါ။

facebook search bar ကနေ QRလို့ ရိုက်ရှာလိုက်ရင် ထိပ်ဆုံးမှာ
(Scan QR codes and share your personal code with others)ဆိုတဲ့
စာသားလေးနဲ့အတူ မြှားပုံစံလေးကျလာရင် အဲ့တာလေးထဲဝင်လိုက်ရုံပါပဲ။

အထဲဝင်လိုက်ပြီးရင်တော့ Scanner နဲ့
My code ဆိုပြီး နှစ်ခုကျလာမှာပါ။
Scannerထဲမှာက
(Align QR code within the frame to scan)ဆိုတဲ့
သူများရဲ့ QR ကို scan လုပ်တဲ့ဟာရယ်
ပြီးတော့ အဲ့တာရဲ့အောက်မှာ Import from Galleryဆိုပြီး
galleryထဲကQR codeပုံနဲ့ ရှာတဲ့ဟာရယ်ပါပါတယ်။
My code ထဲကနေ မိမိရဲ့ QR codeကို
saveထားပြီး မိမိ friendတွေကို ပို့ပေးလို့ရပါတယ်။

တခြားသူရဲ့ QR codeတွေ၊ Pageတွေရဲ့ QR codeတွေကို
saveပြီး Scanner ထဲက import from Galleryကနေ
ကိုယ့်saveထားတဲ့ပုံလေးကိုထည့်ပြီး
ရှာလို့လဲရပါသေးတယ်ဗျ။

အခုမှ တွေဖူးတဲ့ friend တစ်ယောက်ကိုရှာမယ်ဆိုရင်
ကိုယ်ရှာမဲ့သူကို My codeထဲဝင်ခိုင်းပြီး
ကိုယ်က scannerနဲ့ scan ဖတ်လိုက်ရုံပါပဲ။

စီးပွားသမားတွေ၊ အရောင်းအဝယ်သမားတွေ၊
online shop တွေအတွက် ကိုယ်ပိုင်အကောင့်ရဲ့
QR codeလေးကို လိပ်စာကဒ်တွေ မှာ ထည့်တာမျိုး၊
ရောင်းတဲ့ပစ္စည်းရဲ့ ပါကင်တွေမှာ QR Code ကပ်တာမျိုး၊
လက်ကမ်းကြော်ငြာတွေမှာ QR Code ထည့်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။
Facebook အကောင့်တွေတင်မကဘဲ Facebook Page တွေကိုလည်း
QR code လုပ်လို့ရပါတယ်။

Facebook Page တွေအတွက် QR Code ပြုလုပ်ရန်
မိမိ Page ရဲ့ URL Address (Page Link) ကို Copy ယူပြီး
The QR Code Generator မှာ ထည့်ပြီး
Save လုပ်လိုက်ရုံပါပဲ။
.
Author - Techluthor

Comments